ဘီးလင်း သြဂုတ် ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကလိုရင်းဆေးခပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီးနစ်မြုပ်ခံခဲ့ရသော ရေတွင်းများအား ကလိုရင်းဆေးခပ်ပေးရာတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်မိ၊ရပ်ဖများက အဖွဲ့(၄)ဖွဲ့ခွဲ၍ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် လက်တူးတွင်း ၂၃၅ တွင်းနှင့် အဝီစိတွင်း ၄ တွင်းတို့ကို ကလိုရင်းဆေးလိုက်လံခပ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော ရေတွင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)