ဒိုက်ဦး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က (အ.ထ.က)ဗျက်ကြီးကျောင်းရှိ ကျောင်းသားများအား Biometric(ဇီဝဆိုင်ရာ) အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း(Lris Scanner)၊ စက်ကိရိယာဖြင့် လက်ဗွေစကန်ဖတ်ခြင်း(Fingerprint Scanner)နှင့် မျက်နှာစကန်ဖတ်ခြင်း(Logitech Webcam)များ ဆောင်ရွက်ပြီး အတည်ပြုပုံစံများ ဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုအင်အားဦးစီးဌာန ဦးစီးမှူး ဦးစောထွန်းဖြူက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)