ရပ်စောက် ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် တောင်ကြီးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ နေလင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဝက်(၅၀)ကောင် လွှဲပြောင်းခြင်းစာချုပ်မှတ်တမ်းနှင့် မွေးမြူရေးသုံး ပိုးသတ်ဆေးများကို မြို့နယ်မွေးမြူရေးဘဏ်စနစ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က မွေးမြူရေးဘဏ်ကော်မတီဝင်တစ်ဦးအား ပေးအပ်ခဲ့ပြီး လက်ခံရရှိသောကော်မတီဝင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးဘဏ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်