သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့သည်။

ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံနှင့်လမ်းများ၌ မြစ်ရေပြန်ကျသဖြင့် ကျန်ရှိသည့်ရွှံ့နွံနုန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက်(၂၄)ပေကို (၇ပေ)အထိ ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအတွင်း တိုင်းထွာ ချက်အရ (၂၂)ပေသို့ ပြန်လည်လျော့ကျလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ဖမ်းဆီးနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ဖမ်းဆီးနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ ယာယီကမ်းထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေကြီးနစ်မြုပ်ခဲ့သည့် စပါးခင်းများအား သွားရောက်ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၊ ပလွေးချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ယာယီမြေထိန်းနံရံဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မကွေးမြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝါတွင်းကာလ တတိယဆွမ်းလောင်းပတ်အဖြစ် ဓမ္မာရုံဘုရားများတွင် ဆွမ်းလောင်းလှူ ကုသိုလ်ယူသူများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံဘုရားများတွင် ဝါတွင်းကာလတတိယ ဆွမ်းလောင်းပတ်အဖြစ် ဆွမ်း/ဆွမ်းဟင်း လောင်းလှူကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
Subscribe to