စေတုတ္တရာ ဩဂုတ် ၄
မကွေးတိုငိးဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် ဆီမီးချောင်းရေလျှံကာ အမှတ်(၁)အလကခွဲကျောင်းတွင် ရေဝင်ရောက်၍ အုတ်တံတိုင်း ပေ(၂၉၀)ကျိုးကျ၍ အဆိုပါကျောင်းအား သြဂုတ်(၂)ရက်နံနက်ပိုင်းမှစတင်ကာ ယာယီ ပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယာယီပိတ်ထားသော အမှတ်(၁)အ.လ.ကခွဲကျောင်းအား ရေပြန်လည်ကျဆင်းပါက ၎င်းကျောင်းပြန်လည်ဖွင့်လှစ်ပါက ကျောင်းသင်ခန်းစာများ နောက်ကျမှုမရှိစေရေးနှင့် ပညာသင်ကြားရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)