လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ဥာဏ်စမ်းဟေဠိကစားခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များစာပေဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ကလေးစာဖတ်ခန်းတွင် ဥာဏ်စမ်းဟေဠိကစားခြင်းများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရါသည်။

တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စားသောက်ဖွယ်ရာများ လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာနမိသားစုဝင်များ၊ တိုင်းဒေသကြီးအသီးသီးရှိ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ယမန်နေ့တွင် မကွေးမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများပေးပို့လှူဒါန်းနိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ဇူလိုင်ဒုတိယပတ်ရွာသွန်းသည့် မိုးဖြင့် နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများ စတင်စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မေလ(၁၉)ရက်(၂၀)ရက်များတွင် မိုးဦးမိုးရွာသွန်းခဲ့ပြီး ယင်းမိုးရေးဖြင့် မိုးသီးနှံများဖြစ်သည့် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ သီးညှပ်သီးနှံ ပဲစင်းငုံနှင့် ချည်မျှည်ရှည်ဝါသီးနှံများ စိုက်ပျိုးခဲ့သည်။

နတ်မောက်မြို့ရှိ ဘုန်းတော်ကြီးကျောင်း(၉)ကျောင်းမှ ဆရာတော်၊ သံဃာတော်(၃၃၀) ပါးတို့အား ဆွမ်းနှင့် ဆွမ်းဟင်းလျာများ လောင်းလှူ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဘုန်းတော်ကြီးကျောင်း(၉)ကျောင်းမှ ဆရာတော်၊ သံဃာတော်(၃၃၀)ပါးတို့အား ဆွမ်းနှင့် ဆွမ်းဟင်းလျာလောင်းလှူပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က မြို့မကွက်သစ်ရပ်ကွက် နတ်မောက်-ပျော်ဘွယ်လမ်းဘေးရှိ ဘုရားလေးဆူတန်ဆောင်းရှေ့တွင် ကျင်းပခဲ့သည်။ ဝါတွင်းကာလတွင် သတင်းသုံးတော်မူသည့် မြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်း(၉)ကျောင်းမှ ဆရာတော်၊ သံဃာတော်(၃၃၀)ပါးတို့အား မြို့မကွက်သစ်ရပ်ကွက်ရှိ စေတနာရှင် ပါရမီရှင်များ စုပေါင်း၍ ဆွမ်းနှင့်ဆွမ်းဟင်းလျာများကို စည်းကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိသည်။

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး တာဝန်ရှိသူများမှ ကြာဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချသုံးစွဲလျော့နည်းသက်သာစေရန် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာ​ရီအချိန်က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် အုံတုံကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အုံတုံကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။            

ဇေယျာသီရိမြို့နယ် လေသာကျေးရွာနှင့် ရေဆင်းကျေးရွာဆက်သွယ်ထားသည့် လမ်းမပေါ်၌ သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ပြည်သူများ ဖယ်ရှားရှင်းလင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် လေသာကျေးရွာနှင့် ရေဆင်းကျေးရွာဆက်သွယ်ထားသည့် လမ်းမပေါ်၌ ယမန်နေ့ညပိုင်းက သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုအား ပြည်သူများဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေသည် နှစ်(၃၀)အတွင်း ဒုတိယအကြီးဆုံးဖြစ်ပြီး မြစ်ရေပြန်ကျဆင်းနေရာ မြိတ်-တနင်္သာရီ-မောတောင်-ကော့သောင်းကားလမ်းတစ်လျှောက်ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ် (ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြိတ်မြို့နယ်အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။
Subscribe to