ကျွန်းစုမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့ပေါ်ရပ်ကွက်များအတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့ မနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်

စိုက်ပျိူရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဒေသတွင်းငါးကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်လျက် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသား ဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ နယ်သပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သန်းခေါင်စာရင်းကော်မတီနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက (အ.ထ.က) မင်းတန်းကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်၊   တစ်ဦးနှင့် တစ်ဦးအတွေးအခေါ်၊  အယူအဆများဖလှယ်တတ်စေရန်၊ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရပ်စောက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှလာရောက်၍ ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိဘပြည်သူများအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေး တိုက်ကျွေးခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်” ရည်ရွယ်လျက်ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီမှ ၈ နာရီအတွင်း မြို့နယ်ဆေးတိုက်အဖွဲ့ ၁၀ ဖွဲ့ဖြင့် ချောင်းကြီးရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ၍ သတ်မှတ်အုပ်စုများအတိုင်း လိုက်လံဆေးတိုက်ကျွေးပေးကြကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ”သင်တန်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ လယ်ပြင်ကျေးရွာ၌ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊‌ ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအထူးဇုံ(၂) မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရုံးရပ်မြောက်ပိုင်းရပ်ကွက်တွင် ဆီထွက်သီးနှံအထူးဇုံ(၂)‌ကွင်းအမှတ်(၈၄၀)၊ ဦးပိုင်အမှတ်၁/၂တွင်တောင်သူဦးမြင့်‌ဝေ၏ ယာမြေ(၆.၆) ပေပတ်လည်၌ မိုးနှမ်း စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to