ပင်လုံမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်

ပင်လုံ ဩဂုတ် ၁၇

စိုက်ပျိူရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဒေသတွင်းငါးကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်လျက် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသား ဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ နယ်သပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းမြင့်နှင့်ဝန်ထမ်းများ၊ လူငယ်ဖွံ့ဖြိူရေးသင်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဦးသန်းမြင့်က သင်တန်းဖွင့်လှစ်ပေးရခြင်းကိုလည်းကောင်း ပြောကြားသည်။ ထို့နောက် ငါးသားပေါက်များကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးဟာလိန်းမောင်းနှင့် ဆရာ/ ဆရာမများက လက်ခံရယူကြပြီး‌ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ ငါးသားပေါက်ငါးကြင်းမျိုးစုံ ကောင်ရေ ၁၂၀၀၀ ကို ကျောင်းဝင်းအတွင်း ရေကန်တွင်လွှတ်ပေးခဲ့ကြသည်။

အဆိုပါအခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း သို့ တုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/သူ ၁၂၀ ဦးတက်ရောက်ပြီး သင်တန်းကို ယနေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး