ထန်းတပင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သန်းခေါင်စာရင်းကော်မတီနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ကျင်းပပြုလုပ်သည်။

ဦးစွာမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်းစာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက စာရင်းစစ်/စာရင်းကောက် သင်တန်းအတွက် ကြိုတင်ပြင်ဆင်ရေး၊ ခရိုင်အဆင့်နည်းပြသင်တန်းအတွက် သင်တန်းသား (၉) ဦး စေလွှတ်ရေး၊  မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တာဝန်ခွဲဝေသတ်မှတ်ရေး၊ စာရင်းစစ်/စာရင်းကောက်အဖြစ် တာဝန်ပေးအပ်မည့်ဝန်ထမ်းများ၊ Volenteer များနှင့် တွေ့ဆုံရှင်းလင်း အသိပေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ထန်းတပင်မြို့နယ် သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)