မြို့သစ်မြို့နယ်တွင် ကျောင်းကျန်မာရေး သီတင်းပတ်အထိမ်းအမှတ် ဆေးရောင်ခြယ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာမေးခွန်း(၁၀၀)ဖြေဆိုခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ်အဖြစ် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကျန်းမာရေးဆိုင်ရာမေးခွန်း(၁၀၀) အမေးအဖြေပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ရတနာ) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။