၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗန်းမော်မြို့တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဟိုပုံးမြို့နယ်၊ အမှတ်(၅)အခြေခံပညာမူလတန်း‌ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြည်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်က အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ

“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆောင်ပုဒ်နှင့်အညီ လူ့အသက်များကို ကယ်တင်နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြု ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

မိုင်းနောင်(အ.ထ.က)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to