အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပိတ်ထားသည့်ကျောင်းများမှ စာသင်ကျောင်း ၁၀ ကျောင်းပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည် ကျဆင်းလာသောကြောင့် စာသင်ကျောင်းများ စိစစ်ဖွင့်လှစ်‌ပေးလျက်ရှိပြီး၊ ယနေ့စာသင်ကျောင်း ၁၀ ကျောင်း ထပ်မံ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိညာပေး ဟောပြောပွဲကျင်းပ

အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို-မန္တလေး)(AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို ​​ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ထွဋ်ခေါင်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်သင်းခရိုင် GEC နှင့် ရွှေသက်တံ့ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ခရိုင် GEC နှင့် ရွှေသက်တံ့ငွေစု ငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် စုပေါင်းမဏ္ဍိုင် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စုပေါင်းမဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် (၆)တန်းသွားကူဘိုတာ ကောက်စိုက်စက်ဖြင့် မိုးစပါးကောက်စိုက်ခြင်း သရုပ်ပြ ကောက်ကွက်ပြည့်မီစွာဖြင့်အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်

မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကရိယာများကို တွင်းကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်စေရေး တို့အပြင် အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ (၆)တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို၊ ယနေ့မွန်းလွဲ(၁၂:၁၀)နာရီက သရက်တောကျေးရွာအုပ်စု၊ သရက်တော စိုက်ပျိုးရေးခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းအရှေ့(အလယ်ပိုင်း)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်

နိုင်ငံတော်နှင့်ပြည်သူများ၏စီးပွားရေး၊ လူမှုရေးများ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-ကွတ်ချိုး-ဟိုနမ့်-ဝမ်ပိန်း ၁၁/၀ မိုင်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ၀/၄ မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကတ္တရာခင်းမည့်လမ်း ကျောက်ခင်းနေမှုကို ကြည့်ရှစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to