မြို့သစ် ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအတွေးအခေါ်၊ အယူအဆများဖလှယ်တတ်စေရန်၊ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ထောက်ရှာတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်က အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အထက-ခွဲ (ထောက်ရှာတန်း)ကျောင်းမှ Grade – 11 နှင့် Grade – 10 ကျောင်းသားကျောင်းသူများဖြစ်သည့် မောင်ဟိန်းထက်ဇော်၊ မောင်ဇင်မျိုးထိုက်၊ မောင်ရဲထက်အောင်၊ မောင်လင်းကျော်ဦး၊ မသွယ်ရှင်းသန့်၊ မသင်းအိလှိုင်တို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်လောဘ၊ လူငယ်နှင့်ဝါသနာ အစရှိသည့်ခေါင်းစဉ် (၆)ခုဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများ၏ မေးမြန်းဆွေးနွေးမှုများအား အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)