ကျွန်းစုမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေး

ကျွန်းစု ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့ပေါ်ရပ်ကွက်များအတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့ မနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းတို့က အုပ်စု(၄)စုခွဲ၍ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်