မအူပင်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာတွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျုံစုတ် ကျေးရွာဘုရားကြီး ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။