လှိုင်းဘွဲမြို့(က)ရပ်ကွက် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌  ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ပြည်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုမွေးနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲ၊ အနုပညာတင်ဆက်ပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်စွာကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုတက္ကသိုလ်မွေးနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲ၊ အနုပညာတင်ဆက်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်း အ.ထ.က ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းထူးချွန်လက်ရာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဩဂုတ်လ ပညာရေးပြက္ခဒိန်ပါ ကျောင်းတွင်းထူးချွန်လက်ရာပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)ရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံ များမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး၍ Biometric ကောက်ယူမှုကြည့်ရှု

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Shan International Co,Ltd ငါးအအေးခန်းစက်ရုံ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

အ.ထ.က တာခွ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် လူရည်ချွန်မောင်မယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က တာခွကျောင်းခန်းမ၌ လူငယ်စကားဝိုင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဥတ္တရသီရိမြို့နယ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် မိုးစပါးစိုက်ဧကများအတွက် အရန်မျိုးစပါးများအခမဲ့ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံးကြီးမှ ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်၊ စားအုန်းဆီများနှင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်  တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကာလ သီရိမင်္ဂလာဈေး တည်ဆောက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား သွားရောက် ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များ အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးဆုချီးမြှင့်

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

အင်းစိန်မြို့နယ်၌ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ တွေ့ဆုံပွဲနှင့် စာကြည့်တိုက်မှတ်ပုံတင် ပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည်(ဒေါက်တာ ဗိုလ္သံမဏိ-တောင်တွင်းကြီး)နှင့် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များရှိ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့် စာကြည့်တိုက်မှတ်ပုံတင် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သန်းခေါင်းစာရင်းကော်မတီလုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲအား ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ကျိုင်းတုံမြို့)၌ ကျင်းပ သည်။
Subscribe to