အထက်မင်းလှ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရုံးရပ်မြောက်ပိုင်းရပ်ကွက်တွင် ဆီထွက်သီးနှံအထူးဇုံ(၂)ကွင်းအမှတ်(၈၄၀)၊ ဦးပိုင်အမှတ်၁/၂တွင်တောင်သူဦးမြင့်ဝေ၏ ယာမြေ(၆.၆) ပေပတ်လည်၌ မိုးနှမ်း စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံအထူးဇုံ(၂) မိုးနှမ်းစံကွက်ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့်၊ ကျေးရွာစိုက်ပျိုးရေးကြီး ကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ ပူးပေါင်း၍ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်း ဆောက်ရွက်ခဲ့သည်။ အဆိုပါ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာတွင် တစ်ဧက(၁၁.၂၅)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)