အ.ထ.က(ခွဲ)အကျော်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(ခွဲ)အကျော် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်အတွင်း အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် မိုးစပါးမိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီအချိန်က ညောင်ဦးမြို့နယ် အထက်ညဉ့်ကျေးရွာ၊ ကွင်းအမှတ်(၁၃၄၃)ရှိ  ဒေသခံတောင်သူ ဦးဟန်သောင်း၏ လယ်မြေ(၂)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်(Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "အောင်မြင်ခြင်းရဲ့ အုတ်မြစ်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက ရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​​နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြ(၄)ဦးနှင့် မွန်ပြည်နယ်အတွင်း ခရိုင်(၄)ခရိုင်မှ သင်တန်းသား ဆရာ/ဆရာမ (၁၂)ဦး တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်လူနာများ ခွဲစိတ်ကုသခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပေါ် ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော Japan Heart အဖွဲ့သည် Dai-ichi life Insurance နှင့်ပူးပေါင်း၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်(သွားကျန်းမာ)မှဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်မြို့ပြည်သူ့ဆေးရုံကြီးတို့မှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/‌ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်‌ဒေရှင်းတို့ ပူးပေါင်းစီစဥ်မှုဖြင့် “ဆေးလိပ်‌‌ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်  အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to