ကျိုင်းလပ်မြို့ (Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏ ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ (Community Center)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့လယ် (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။