စမ်းချောင်းမြို့နယ်၌ ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် နှမ်းစိုက်ခင်း(၃၅၆၁)ဧက စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်နေဒေသခံတောင်သူများ နှမ်းစိုက်ခင်း(၃၅၆၁)ဧက စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံမြို့နယ်သံဃာ့အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးများအား မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်၊ အယူအဆများ ဖလှယ်တတ်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက ထောက်ရှာတန်း ကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်ဗဟိုသားဖွားသင်တန်း‌ကျောင်းမှ ဒုတိယနှစ်ကျောင်းသူများ စာတွေ့၊ လက်တွေ့ လာရောက်လေ့လာ

သူနာပြုတက္ကသိုလ်၊ ရန်ကုန်ဗဟိုသားဖွားသင်တန်း‌ကျောင်းမှ ဒုတိယနှစ် ကျောင်းသူ(၂၅) ဦး သည် ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပညာရပ်များကို စာတွေ့၊ လက်တွေ့ လာရောက်လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင် အသင်းတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိစားသုံးသူပြည်သူများအား ပေါ်ဆန်းရင် (၁) ပြည် ၅၀၀၀ကျပ်၊ ဧည့်မထဆန် (၁) ပြည် ၃၀၀၀ကျပ် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့် ပေါ်ဆန်း (၅)အိတ်နှင့်ဧည့်မထဆန်(၇)အိတ်အား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဒါးကမြစ်ရေပြန်လည်ကျဆင်းခြင်းကြောင့် မြို့မဈေးသစ်အတွင် ကျန်ရှိ နေသည့် သဲနှုံးနှင့်အမှိုက်များအား သန့်ရှင်းရေးများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုတို့ကြောင့် ဇူလိုင်လ (၂၉) ရက်နေ့က အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ မြို့မဈေးသစ်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ မြစ်ရေဝင်ရောက် ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့သည် ယခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေသည် စံချိန်တွင်ကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များအားလုံးနီးပါး ရေဝင်နစ်မြှုပ်ခဲ့မှုဖြစ်ပေါ်ခဲ့သဖြင့် အလားတူဖြစ်ရပ်မျိုးမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များနှင့် ကြိုတင်ကာကွယ်သွားမည့် လုပ်ငန်းအစီအမံများကို ယနေ့နံနက် ၉ နာရီခွဲက ဧရာဝတီဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မုံရွာမြို့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပသည်။

မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ - ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံအိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံအိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Hotel ks ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်သည်။
Subscribe to