ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကွင်းဆင်း၍ မြို့နယ်အတွင်း တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ၄၁ တိုးချဲ့ရပ်ကွက်၊ သန္တိသုခသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။