အ.ထ.က(ခွဲ)အကျော်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မအူပင် ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(ခွဲ)အကျော် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းအားလည်းကောင်း၊ ကုန်စည်များအား အွန်လိုင်းမှ ဝယ်ယူအသုံးပြုရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ(Online Sales) မှတ်ပုံတင်ပြီးသော Pageများ တွင်သာ ဝယ်ယူအသုံးပြုကြရန်၊  အွန်းလိုင်စနစ်ဖြင့် ကုန်စည်များ ရောင်းချခြင်းမျိုးရှိပါက eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်း မှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များအားလည်းကောင်း၊ အွန်လိုင်းရောင်းချသူများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရနိုင်ကြောင်းများအား ရှင်းလင်းဟောပြောရာ တက်ရောက်လာသည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများမှ အွန်းလိုင်မှတ်ပုံတင် ဆောင်ရွက်ရမည့်အချက်များနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)