ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ရေသောက်ဒေသ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ရေသောက်ဒေသ ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ယမန်နေ့နံနက်၁၁နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝကောက်ခံရရှိရေးအတွက်  အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာတင်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ကျောက်တန်းမြို့နယ် မြို့နယ်အဆင့်ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်အဆင့်ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၈-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ်တွင် မြေသြဇာရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စံပယ်ဆောင်တွင် ကျင်းပခဲ့ သည်။

မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိညာပေးဟောပြောပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mandalay) တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မော်လမြိုင်မြို့နယ်၌ “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆိုင်းဘုတ်ပိုစတာဖွင့်ပွဲပြုလုပ်

မော်လမြိုင်မြို့နယ်၌ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မော်လမြိုင်)မှ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဆောင်ပုဒ်ပိုစတာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရဆရာတော်အား ဖူးမြော်၍ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်နှင့် ယဥ်ကျေးမှုပြတိုက်အတွက် ထောက်ပံ့ငွေများပေးအပ်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (စိန်ပန်း) ကျောင်းမတည်ငွေ ကျပ်သိန်းတစ်ထောင်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
Subscribe to