ကန့်ဘလူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၂၁ ရက်နံနက် ၉ နာရီက အမှတ်( ၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

လေးမျက်နှာမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိသည်။

လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်/စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစာင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမာန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ရုံး၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့၌ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြောင်းမြခရိုင် ရေတော်မိုးတော်မိုးစပါးထွန်တုံးပိတ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယမန်နေ့နံနက်ပိုင်းက ၁၃၈၆ ခုနှစ်၊ (၇၂) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

မြောင်းမြမြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၌ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သံဃာတော်အရှင်သူမြတ် (၉၆) ပါးအား တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆန်၊ဆီ၊ ဆေး၊ ဆား ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလှူဒါန်းခဲ့သည်။

စစ်ကိုင်းမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို သြဂုတ် (၂၀) ရက်၊ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူခရိုင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ နှင့်ပန်းချီ ပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိပြီး ဘဏ်ပင်စင်စား၊ မြို့ပြပင်စင်စားနှင့် ကာကွယ်ရေးပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

လဲချားတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိသည်။

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့ နံနက်(၉) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to