သင်္ဃန်းကျွန်းမြို့နယ်၌ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/‌ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်‌ဒေရှင်းတို့ ပူးပေါင်းစီစဥ်မှုဖြင့် “ဆေးလိပ်‌‌ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဆေးလိပ်၊ ဆေးရွက်ကြီးများ အန္တရာယ်ကို သတိပြုကာကွယ်မှုရှိ‌‌စေရန်၊ အကြောင်းအရာတစ်ရပ်ကို ပန်းချီပညာရပ်ဖြင့်ပုံဖော်ပြသခြင်း၊ ပန်းချီပညာရပ်သည်စိတ်ကိုတည်ငြိမ်စေသည့် ပညာရပ်တစ်ခုဖြစ်ခြင်းစသည့် အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အကျယ်တဝင့်ဟောပြောခဲ့ပြီးနောက် စာရေးဆရာမောင်ယဉ်ဝေ(ဥက္ကလာ)က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ထက်မြက်တိုးတက်စေရန်နှင့်၊ အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပန်းချီပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား/ ကျောင်းသူလေးများနှင့် အကဲဖြတ်ဒိုင်လူကြီးများဖြစ်‌သော မောင်ယဉ်ဝေ(ဥက္ကလာ)၊ ပန်းချီဆရာမ အေးချမ်းအိမ်၊ ပန်းချီဆရာ မင်းကောင်းကိုတို့ကို သက်ဆိုင်ရာတာ၀န်ရှိသူများမှ အမှတ်တရ‌လက်ဆောင်များ ပေးအပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ မြို့နယ်ပညာ‌ရေးဌာနမှ တာ၀န်ရှိသူများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သိန်းအောင်