ကျိုက္ခမီမြို့ မြို့မစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့မစာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ တာမွေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဇွဲခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ(၅၉)ဌာနမှ ဝန်ထမ်းပေါင်း(၄၄၀၃)ဦးအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းတို့တွင် ခရိုင်/မြို့နယ်ဆင့်ဦးစီးဌာန (၅၉)ဌာနမှ ဝန်ထမ်းပေါင်း (၄၄၀၃)ဦးအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

သနပ်ပင်မြို့နယ်တွင် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ တောင်သူများ၏ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၌ တောင်သူများ၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဖြည့်ဆည်းပေးရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီနာယက၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြိုလှုပ်ရှားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီနာယက၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကျောင်းကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းနိုင်စိုး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှုး ဒေါက်တာအေးအေးမာ၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်သို့ သွားရောက်၍ ကျောင်းကျန်းမာရေးရက်သတ္တပတ်အကြိုလှုပ်ရှားမှုအခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများတိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အ.မ.က(လွန်) ပြွန်ပေါက်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to