မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

မော်လမြိုင် သြဂုတ် ၂၀

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ​​နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြ(၄)ဦးနှင့် မွန်ပြည်နယ်အတွင်း ခရိုင်(၄)ခရိုင်မှ သင်တန်းသား ဆရာ/ဆရာမ (၁၂)ဦး တက်ရောက်ကြသည်။

ရှေ့ဦးစွာ မွန်ပြည်နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းမှ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်​ရေးဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော်ဆောင်ရွက်နေ​​​ေကြာင်း၊ သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့တဲ့ (၃) နှစ်မှ စတင်၍ အချိန်ယူဆောင်ရွက်ခဲ့ကြောင်၊ နည်းပညာများ တိုးတက်လာတာကြောင့် ယခင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းများနဲ့မတူပဲ နည်းပညာအသုံးပြု စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် စာရင်းစစ်၊ စာရင်းကောက် (၁၂၀၂)ဦး ခန့်အပ်တာဝန်ပေးအပ်ရမှာ ဖြစ်ပြီးတော့ နည်းပြသင်တန်းများကို ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွင့်လှစ်မှာဖြစ်​ကြောင်း အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြတ်သွင်မှ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားကာတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)