ညောင်တုန်းမြို့နယ်(Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း  ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "အောင်မြင်ခြင်းရဲ့ အုတ်မြစ်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာအုပ်စာစော င်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူးတို့က ဦးဆောင်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "အောင်မြင်ခြင်းရဲ့ အုတ်မြစ်" စာအုပ်ပါ ပညာကို မြတ်နိုးတတ်သော၊ ငါးသုံးကောင်၊ ကံဆိုသည်မှာ စေတနာ၊ လမ်းလျှောက်ပါလေ အသက်ရှည် စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)