ကျောက်တန်းမြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် ( ၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျောက်တန်း သြဂုတ် ၃၁

ကျောက်တန်းမြို့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့်(၁၂း၀၀)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အမှာစကားပြေကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးအောင်ကျော်၀င်းမှာ သင်တန်းမှရရှိခဲ့သော အကျိုးကျေးဇူးများကို မှန်ကန်စွာ အသုံးချနိုင်ရေးတို့ကို ပြောကြားခဲ့သည်။

အခမ်းနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူး အောင်သန်းထွန်း၊ ကျောက်တန်းမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမျိုးလှိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်မင်းထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဦးဇော်နိုင်၊ အရန်မီးသတ်ဒုတပ်ရင်းမှုး ဦးမြင့်အောင်နှင့် အရန်မီးသတ်တပ်ဖွဲဝင်များ၊ သင်တန်းသားများ စုစုပေါင်း အင်အား(၈၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော်(ပြန်ဆက်)