ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေစည်းခုံဘုရားကြီး အနောက်ဘက်မုခ် လမ်းဘေးဝဲ/ယာ၊ ရွှေစည်းခုံးဘုရားအနောက် ဘက်ကြေးဂူတိုက်ပတ်ဝန်းကျင်တို့တွင် ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ယနေ့နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ရွှေစည်ခုံးဘုရားကြီး အနောက်ဘက်မုခ် လမ်းဘေးဝဲ/ယာနှင့် ရွှေစည်းခုံဘုရားဝင်းအတွင်း အနောက်ဘက်ကြေးဂူတိုက်ပတ်ဝန်းကျင်၊ ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးပတ်ဝန်းကျင်းတို့တွင် အမှိုက်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပေါင်းမြက်များအား ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်တို့ဖြင့် ရှင်းပြီးသား ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်များအား စည်ပင်သာယာရေးအမှိုက်ကျင်းသို့ ပို့ဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း