ထားဝယ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက တိုင်းဒေသကြီးအတွင်း သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသောတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အသင်းစုအမှုဆောင်များက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှုပေါင်း(၅၁၉)သင်းရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ကိရိယားအခက်အခဲရှိသည့် တောင်သူများကို စက်ကိရိယာအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း၊ အသင်းသားတောင်သူများ အချိန်မီစိုက်ပျိုး ထွန်ယက်နိုင်ခြင်း၊ စံပြလယ်ယာကွက်များဖော်ထုတ်နိုင်ပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးတွင် ကျယ်စွာ လုပ်ကိုင် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း၊ လုပ်ကွယ်တောင်သူများအတွက်လည်း အားကိုးအားထားပြုနိုင်သည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းတွေထွန်းကားလာမှာဖြစ်ကြောင်း၊ ဒါအပြင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တောင်သူလယ်ယာများ၏ လယ်ယာစီးပွားရေး မြင့်မားလာရေးသည် အဓိကအရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပြီး စိုက်ပျိုးရေးဦးစီးဌာန ကတောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြှင့်မားစေရေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်(၁)ဧကအထွက်နှုန်းတိုးစေရေး စပါးစိုက် တောင်သူ(၆၇၉)ဦး၊ လယ်စိုက်ဧက(၆၀၄၀)အတွက် လယ်(၁)ဧကလျှင် ကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုကျပ် (၁၂၀၈.၀၀)သန်းဘိုးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးမတည်ပေးနိုင် ခဲ့ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု မြှင့်မားရေးဆောင်ရွက်ရာတွင် နိုင်ငံတော်ကကူညီပံ့ပိုးပေးမှု၊ စိုက်ပျိုးရေးဦးစီးဌာနကနည်းပညာ၊ အသိပညာများ ဖြန့်ဝေပေးမှုများ အရေးကြီးသကဲ့သို့ လက်တွေ့စိုက်ပျိုးရေးကိုဆောင်ရွက်နေကြသည့် တောင်သူများအနေဖြင့် နည်းလမ်းမှန်ကန်စွာ စိုက်ပျိုးတတ်ရန် အထွက်နှုန်းတိုးမည့်မျိုးကောင်းမျိုးသန့်တွေကိုပြောင်းလဲစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြှင့်မားလာပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးသည်လည်း မြင့်မားလာမှာဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ထားဝယ်ခရိုင် ဆန်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး ဆန်နဲ့စားအုန်းဆီတွေ ကိုလည်း ရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေဿကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများ၊ သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အသင်းစု အမှုဆောင်များက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)