မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံအသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် မိုင်းလွေကျေးရွာအုပ်စု ပန်ဆောင်ကျေရွာအတွင်း စာကြည့်တိုက်အဆောက်အဦသစ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများမှ ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်သည့် “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို တက်ရောက်အားပေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)၊ ဧရာရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သာစည်မြို့ အ.ထ.က(၂)၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့အ.ထ.က(၂)၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ချောင်းဆုံမြို့နယ်၌ Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးတင်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ တက်ရောက်

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများ တက်ရောက်ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ စိုက်ပျိုးခဲ့သော မိုးကြိုပဲတီစိမ်း သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းအထွက်နှုန်းကောင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ပဲသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး စီမံကိန်းများရေးဆွဲပြီး စိုက်ပျိုးလျက်ရှိရာ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း၌ စိုက်ပျိုးခဲ့သော မိုးကြိုပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဒန်းစီးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားတို့၏ရိုးရာ ဒန်းစီးပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်ကျောင်းတော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကရင်ပြည်နယ်အဆင့် အထူးနည်းပြ သင်တန်းဆင်း

ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းဆင်းဂုဏ်ပြုပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘားအံပညာ့ရိပ်သာ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Subscribe to