ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဖျာပုံ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်(၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင် ပညာရေးမှူး ဦးဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ် မြို့မိ၊ မြို့ဖ ဦးအောင်ခိုင်ဝင်း(ခ)ဦးရာဂျူး (ရွှေဧရာစက်သုံးဆီရောင်းဝယ်ရေး)မှ ဖျာပုံမြို့နယ်အတွင်း (၆) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား နှစ်စဉ် ရွှေတစ်ကျပ်သား ဂုဏ်ပြုချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဖျာပုံမြို့ အ.ထ.က (၂) ကျောင်းမှ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် (၆)ဘာသာဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဖျာပုံခရိုင် ပညာရေးမှူး ဦးဝင်းအောင်၊ ဖျာပုံမြို့နယ်ပညာရေးမှူး ဦးထွန်းလွင်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြပြီး၊ မြို့မိ၊ မြို့ဖ ဦးအောင်ခိုင်ဝင်း(ခ)ဦးရာဂျူး (ရွှေဧရာစက်သုံးဆီရောင်းဝယ်ရေး)က အ.ထ.က (၂)ကျောင်းမှ (၆)ဘာသာဂုဏ်ထူးရှင် မသွန်းလဲ့ဝေအား ရွှေတစ်ကျပ်သားဆွဲပြားကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ အလှူငွေများ ဝိုင်းဝန်းထောက်ပံ့ပေးကြသော အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာကြိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ အ.ထ.က (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက “မြန်မာ့ကျောင်း သီချင်း” နှင့် “ဇာတိမာန်” သီချင်းတို့ဖြင့်လည်းကောင်း၊Grade (12) ကျောင်းသူ မမေဖူးအောင်က “ကလက်စုံညီ ရှေ့ဦးချီ”သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး အ.ထ.က (၂) ကျောင်းမှ (၆) ဘာသာဂုဏ်ထူးရှင်မသွန်းလဲ့ဝေ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)