မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အများပြည်သူ ပူးပေါင်းပါဝင်လာစေရေး အပတ်စဉ် စနေနေ့တိုင်း စေတီပုထိုး၊ ဘုရားကျောင်း၊ ကန်များနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံးဝင်းအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရုံးခြံဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် ရုံးအဆောက် အဦအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အတွင်းရှိ အမှတ် (၁၀)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ မိုးရာသီတွင် ခြင်ကြောင့်ဖြစ်ပွားတတ် သည့် ရောဂါများမဖြစ်ပွားစေရေး ရေနှုတ်မြောင်းများတူးဖော်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက် ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းရေးလာရောက်ဆောင်ရွက်သူများအား မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် ၃၀ ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စု၊ ငါးအိုးကျေးရွာသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ပြီး ငါးအိုးကျေးရွာအတွင်း တောင်သူ ဦးဆင်ဝါးနောင် ဦးဆောင်သည့် တောင်သူအစုအဖွဲ့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ချေးငွေ ကျပ်သန်း ၁၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ ဆင်းဧကရီ-၃ အထွက် တိုးမျိုးစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ စပါးကွင်းပတ်လည်ရှိ ရေမြောင်းများအတွင်း ငါးခူကောင်ရေ (၇၀၀၀)မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဝက်ခြံ၌ စီးပွား ဖြစ်အသားတိုးဝက်ကောင်ရေ (၁၀၀)မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ခြံဖျန်းပိုးသတ်ဆေးများကိုထောက် ပံ့ပေးအပ်ခဲ့ကာ အဆိုပါ ခြံဝင်းအတွင်း အသားစားကြက်ကောင်ရေ (၃၀၀၀)မွေးမြူနိုင်ရေး ကြက်ခြံ တည်ဆောက်နေမှု အခြေအနေများနှင့် ခြံဝင်းအတွင်း နှစ်ရှည်သီးနှံပင်များဖြစ်သည့် ဂရိတ်ဖရုသီးပင် များနှင့် လိုင်ချီးပင်များ ပြုစုပျိုးထောင်၍ နည်းစနစ်ကျ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မော်ဖောင်းကျေးရွာအုပ်စုအတွင်း မော်ဖောင်း၊ ငါးအိုးကျေးရွာများ၏ လယ်ကွင်း များမှ စိုက်ပျိုးရေးသီးနှံများ ထုတ်ကုန်များ သယ်ယူရာတွင်လည်းကောင်း၊ တစ်ရွာနှင့် တစ်ရွာ ဖြတ်သန်း သွားလာရာတွင်လည်းကောင်း အဆင်ပြေချောမွေ့စေရေးအတွက် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၁၅၀၀)ဖြင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၁)က နန်းကွေ့ချောင်းပေါ်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မော်ဖောင်း-ငါးအိုးတံတား အရှည် ၃၀၀ ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး တံတားတည် ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများ၏ တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ် (၃)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွေးမြူရေးတောင်သူများအားဖြန့်ဝေ ပေးနိုင်ရေးအတွက် နေအိမ်အတွင်း ငါးခူသားပေါက်ကောင်ရေ (၁၀၀၀) စမ်းသပ်မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)