ကျိုက်ထိုမြို့နယ်တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေလက်ငင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

ကျိုက်ထို ဩဂုတ် ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ရုံး ပြည်နယ်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်လူမှုဖူလုံရေးအဖွဲ့ရုံး ပြည်နယ်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက အာမခံအလုပ်သမား ဦးနိုင်ထက်လင်းအား အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း ငွေကျပ် (၅၀,၈၀၃၂၀) အား ပေးအပ်ရာ အာမခံအလုပ်သမား ဦးနိုင်ထက်လင်းက လက်ခံရယူပြီး ဦးနိုင်ထက်လင်း ကိုယ်စား ဘီးလင်းမြို့ ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံတာဝန်ခံ  ဦးမြင့်သန်းက ကျေးဇူးတင်စကားပြောကြားပြီးအ ခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်