သရက်မြို့၌ နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း (၃/၂၀၂၄/မက) ဖွင့်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) မှ ကြီးမှူးဖွင့်လှစ်သည့် နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း (၃/၂၀၂၄/မက) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သရက်မြို့နယ် တေဇခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ခြောက်မြို့မှ သင်တန်းသားများ တက်ရောက်သည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)ကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။

သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ်စေဘဲ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးစိတ်များမျိုးပြုန်း မှုမရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား စိုက်ထည့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို သရက်မြို့ဇက်ဆိပ်တွင် ဆောင်ရွက်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲအခမ်းအနားကို ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။

လယ်ဝေးခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလေးမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်း စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၂၀၂၄)ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်း၊ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်၌ ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များ ကျုးကျော်၍ ဈေးရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များ ကျုးကျော်၍ ဈေးရောင်းချမှု မရှိစေရေး ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်တွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာ၌ မိုးမြေပဲစံကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တံခွန်တိုင်ကျေးရွာတွင် ကွင်းအမှတ် (၄၅၉) ရှိ တောင်သူဦးဘိုညိုအပါ (၃) ဦး၏ (၁၀) ဧကရှိ မိုးမြေပဲစံကွက်စိုက်ခင်းအား ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to