ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲတက်ရောက်အားပေး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးသည်။

မျောက်ကျောက်ရောဂါ (Monkey pox) အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မျောက်ကျောက်ရောဂါ (Monkey pox) အကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၄ ရက်နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက် သရက် စက်တင်ဘာ ၄ ဇော်ဝမ်းထွန်း(အောင်လံ)

ဓနုဖြူမြို့နယ်တွင် ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ်(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကို ယမန်နေ့  နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ဥပဒေပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဥပဒေရုံးနှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ပညာဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။

ဗန်းမော်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဗန်းမော်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်) တို့၌ စာမေးပွဲများ စတင်ဖြေဆို

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်)တို့၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက် ဘာသာရပ်ပေါင်းစုံ စာမေးပွဲများကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဗန်းမော်တက္ကသိုလ်၊ မံဖာကျေးရွာရှိ နည်းပညာတက္ကသိုလ်(ဗန်းမော်) နှင့် (၃)မိုင် ရွှေပြည်သာရက်ကွက်တွင် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တို့ ဖြေဆိုခဲ့ကြောင်း သိရသည်။

ကမာရွတ်ခရိုင်၌ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် RBF စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရပ်မိရပ်ဖ ဦးမောင်မောင်၏ အိမ်ခြံဝန်း ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
Subscribe to