ကလေးမြို့တွင် (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်း စတင်ဖွင့်လှစ်

ကလေး စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၂၀၂၄)ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်း၊ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မျိုးထွန်းက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ခရိုင်အဆင့် နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်နေ့ထိ  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၃)ဦးအား စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)