နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နတ်)၌ ယမန်နေ့နံနက် (၁၀) နာရီခွဲက တာချီလိတ်ခရိုင် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာ ပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့များဖြင့် အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့များဖြင့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ (၃၁၁၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အထွက်နှုန်းကောင်းမွန်ရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ (၃၁၁၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန်အတွက် ဒေသခံတောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်၌ အသက်မွှေးဝမ်းကျောင်း အထောက်အကူပြု သိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွှေးဝမ်းကျောင်း အထောက်အကူပြု သိုးမွှေးချည်ထိုးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝဲကြီးကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမြင့်မှ သင်တန်းဆင်းအမှာစကားပြောကြား‌ခဲ့ကာ ကျောက်တန်းမြို့နယ်ဦးစီးမှူးဦးထွန်း၀င်းလတ်နှင့် သင်တန်းဆရာမများမှ သင်တန်းနှင့်ပတ်သက်သည့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ ပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် ဝင်ငွေရရှိနိုင်ရေးအတွက် သိကောင်းစရာများကို ပြောကြားခဲ့ပါသည်။ သိုးမွှေးချည်ထိုးသင်တန်းမှ သင်တန်းသားများ၏ ကလစ်မျိုးစုံ၊ ဦးထုပ်မျိုးစုံ၊ ပိုက်ဆံအိပ်မျိုးစုံ၊ ပန်းစည်းမျိုးစုံ၊ သော့ချိတ်မျိုးစုံ၊ ပဝါ၊ မာဖလာမျိုးစုံ၊ ခေါင်စီးပုဝါ၊ ကလေးအင်္ကျီ၊ ကလေးဦးထုပ်များ လုပ်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာလှူဒါန်းထားရှိသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ခရိုင်အဆင့် သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့နံနက် ၉ နာရီအချိန်က သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်တိုးတက်စေရန် လေ့ကျင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်တိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ(၃း၃၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က မင်္ဂလာဒုံမြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
Subscribe to