ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာတွင် Solar mini Gride ဖြင့် ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းနှင့် ကျေးရွာသောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်းစီမံကိန်း အထူးရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့မွန်းလွဲ (၂) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။