အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု နည်းပြသင်တန်းကို Online မှ တစ်ဆင့် ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်၍ Online မှတစ်ဆင့် သင်တန်းသားများအား သင်ကြားပို့ချက်လျက်ရှိကြောင်း သိရသည်။

ဘားအံခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နည်းပြသင်တန်းဖွင့်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများချမှတ်နိုင်ရေး၊ အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဘားအံခရိုင်အတွင်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံခရိုင် နည်းပြသင်တန်းကို ဖွင့်လှစ်သည်။

ထားဝယ်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့၌ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကို လေ့ကျင့်လိုက်စားတတ်ပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် “ဟိန်း”ကိုယ်ပိုင်အထက်တန်းကျောင်းက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းအဆင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုယ်၀န်ဆောင်မိခင်များနှင့်အသက်(၂)လပြည့်မှ (၁)နှစ်ခွဲ‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌မြို့ပေါ်(၅)ရပ်ကွက်မှ အသက် (၂)လပြည့်မှ တစ်နှစ်ခွဲအောက်  ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလလ(၁)ရက်‌နေ့မှ စတင်ထိုးနှံလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ မဟာဂန္ဓာရုံ အမှတ် (၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းအား အမရပူရမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးထွန်းနေနွယ် ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင်ရုံး၌ Mpox (မျောက်ကျောက်ရောဂါ) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၌ Mpox(မျောက်ကျောက် ရောဂါ) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယ​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် Mpox (မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအနေဖြင့် Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၁နာရီက အမှတ်(၄)ရပ်ကွက်၊ Vantage Hotel ခန်းမဆောင်၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ပြပွဲ/ပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်၊ စသည်တို့ကိုရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ သင်္ဂတုံကျေးရွာ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ယနေ့နံနက် ၉ နာရီက  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်၌ မိုးစပါး ၇၈၅ ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင် ၅ ခုမှ မိုးစပါး လျှပ်စစ်မြစ်ရေတင်ရေဖြင့် ၇၈၅ ဧက စိုက်ပျိုးလျက်ရှိရာ ရာခိုင်နှုန်းပြည့်စိုက်ပျိုးပြီးစီးတော့မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
Subscribe to