နတ်မောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တံခွန်တိုင်ကျေးရွာတွင် ကွင်းအမှတ် (၄၅၉) ရှိ တောင်သူဦးဘိုညိုအပါ (၃) ဦး၏ (၁၀) ဧကရှိ မိုးမြေပဲစံကွက်စိုက်ခင်းအား ယမန်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ခုနှစ် နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရိယာဧကနှင့် အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိရာ မိုးမြေပဲ (၄၂၃၃၂) ဧကလျာထားပြီး (၁၅၅၂၁) ဧကစိုက်ပျိုးထားရှိ၍ လက်ရှိတွင် မိုးမြေပဲများ ရိတ်သိမ်းနေပြီဖြစ်ရာ တံခွန်တိုင်ကျေးရွာ ကွင်းအမှတ် (၄၅၉) တောင်သူ ဦးဘိုညိုအပါ (၃) ဦး၏ မိုးမြေပဲစံကွက် (၁၀) ဧကအား ရိတ်သိမ်းခဲ့ကာ တစ်ဧကအထွက်နှုန်း အခြောက်တင်း (၅၈) ဒဿမ (၃၅) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
အဆိုပါ မိုးမြေပဲစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျဝန်ထမ်းများ၊ မြေပဲစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း