ပြည်မြို့ ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဓာတ်မှန်အထူးကုဆရာဝန်ဦးဆောင်သောအဖွဲ့မှ ပေါက်ခေါင်းမြို့နယ်သို့ အခမဲ့ကွင်းဆင်းကုသပေး

ပြည်မြို့ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာမီမီစိုး (အထူးကုဆရာဝန်ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗွီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေအသုံးချသူများအဖွဲ့ (WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်းနှင့် တူညီဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် (၅၇၀ခ)၊ ပေါက်အင်းကွင်းအတွင်းရှိ စိုက်ခင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအသုံးချသူများ အဖွဲ့(WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်းနှင့် တူညီဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းခရိုင်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်သည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်နှင့် ၂ဝ၂၄-၂ဝ၂၅ပညာသင်နှစ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Book Review Competition ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Book Review Competition ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ အချိန်က အ.မ.က(လွန်)နတ်မောက်ကျောင်းနှင့် အ.မ.က(လွန်)ဖောင်းကန်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာ‌အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ​​ခြေခံပညာအထက်တန်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ များအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာ‌ အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနားကို ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုးချဲ့စိုက်ပျိုးမည့် နေကြာသီးနှံ၊ ဝါသီးနှံမျိုးစေ့များနှင့် ကော်ဖီပျိုးပင်များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုးချဲ့စိုက်ပျိုးမည့် နေကြာသီးနှံ၊ ဝါသီးနှံမျိုးစေ့များနှင့် ကော်ဖီပျိုးပင်များအား တောင်သူများထံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများ၊ တာဝန်ရှိသူများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လဟယ်မြို့တွင် အသက်(၁)လမှ (၁၈)လအတွင်း ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁)လမှ (၁၈)လအတွင်း ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီ လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသားဇာတ်ရုံ(မန္တလေး)တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
Subscribe to