သရက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ်စေဘဲ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးစိတ်များမျိုးပြုန်း မှုမရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား စိုက်ထည့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို သရက်မြို့ဇက်ဆိပ်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ(၂) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၁)သိန်းအား စုပေါင်း၍ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)