နတ်မောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များ ကျုးကျော်၍ ဈေးရောင်းချမှု မရှိစေရေး ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဆိုင်ခန်းရှင်များနှင့် ပျံကျဈေးသည်များ ကျုးကျော်၍ ဈေးရောင်းချမှု မရှိစေရေး ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့် နေရာများတွင် ရောင်းချစေရေး၊ ရာသီအလိုက်ရောင်းချသည့် စားသောက်ကုန်များရောင်းချရာတွင် ကျန်းမာရေးညီညွတ်စေရန် စနစ်တကျထုပ်ပိုးပြီး ရောင်းချကြရန်၊ မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်နှင့် မြို့မဈေးအတွင်းရှိ အများသုံး သန့်စင်ခန်းများ သန့်ရှင်းမှု အခြေအနေများကို ဈေးတာဝန်ခံနှင့် အဖွဲ့ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း