ဒက္ခိဏသီရိမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

နေပြည်တော်  စက်တင်ဘာ ၃

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ကာယဆိုင်ရာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကာယဆိုင်ရာပြိုင်ပွဲများအနေဖြင့် ခွက်နင်းလမ်းလျှောက်၊ စကောရွက်၊ သံပုရာသီးဇွန်းကိုက်၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်လမ်းလျှောက်၊ သံဘူးပေါက်၊ ခါးကွင်းလှည့်၊ စကားပုံဆက်၊ အရုပ်ဆက်နှင့် Spin လှည့် ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပွဲတော်တွင် အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကာယဆိုင်ရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ဘောပင်နှင့် ပေတံများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)