ကန့်ဘလူမြို့နယ်၌ ကျဆုံး/ဒဏ်ရာရပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ကန့်ဘလူမြို့နယ်အတွင်း ညောင်ဇင်ကျေးရွာ၊ သင်ပေါင်းကျင်းကျေးရွာ၊ ချပ်ကြီးကျေးရွာနှင့် ယောကျေးရွာတို့တွင် အကြမ်းဖက်အဖွဲ့များကြောင့် ကျဆုံး/ဒဏ်ရာရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။