မြို့သစ်မြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် အထူးစာမေးပွဲများ ဆက်လက်ဖြေဆို
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်း အမျိုးမျိုးကြောင့်ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာအဆင့် Grade -1 မှ Grade -8 အထိကျောင်းသားကျောင်းသူများအတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲများဖြေဆိုခြင်းကို ဇွန် ၁၅ ရက်ကစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများဝင်ရောက်ဖြေဆို လျက်ရှိရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။