မိတ္ထီလာ ဇွန် ၁၇
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ မိုးဝါစိုက်သမဝါယမ အသင်းသားတောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါလိန်တောကျေးရွာ သမဝါယမအသင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းမိုးဝါသီးနှံစိုက် အသင်းသား တောင်သူများထံသို့ မျိုးနှင့်သွင်းအားစုများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးနှင့် တာဝန်ရှိသူများကပေးအပ်ရာ သမဝါယမအသင်းသားများကိုယ်စား အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ