ဟားခါး ဇွန် ၁၇
ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်၏ ဦးဆောင်မှုဖြင့် ဟားခါးပြည်သူ့ဆေးရုံကြီး(ခုတင် ၃၀၀)မှ ဟားခါးမြို့ပေါ်ရှိ အသက်(၁၀)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ပြုလုပ်နိုင်ရေး အတွက် သွေးအမျိုးအစားစစ်ဆေးပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ရာသီတုပ် ကွေးရောဂါကာကွယ်ဆေး (Influenza Vaccine) ထိုးနှံပေးခြင်းများကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင်၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်